Wednesday, June 21, 2017

မုံရွာ
ဇွန်(၂၁)
မောင်လေး ငယ်ငယ်

ယနေ့ ညနေ ၅ နာရီ ကျော်အချိန်က မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် တိုင်းဒေသကြီးအစိုးရရုံးအနီး ကမ်းနားလမ်းနှင့် ယူကလစ်လမ်းဒေါင့်တွင် ဆီသယ်ယာဉ်တစ်စီး အရှိုန် မထိမ်းနိုင်ပဲ တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်အား မောင်းနှင်လာသူ ယာဉ်မောင်း မင်းဇော်ထွန်းနှင့် ယာဉ်နောက်လိုက် ပြည့်ဖြိုးဟန်တို့ နှစ်ဦးကတော့ ထိခိုက်မှု
တစုံတရာ မရှိခဲ့ဘူးလို့လဲ သတင်းရရှိပါတယ်။

ငှင်းဆီသယ်ယာဉ်ဟာ တင်ဝင်းထွန်း ကုမ္ပဏိမှ ဆီသယ်ယာဉ် ဖြစ်ကြောင်းနဲ့
ယာဉ်မဆင်မချင် မောင်းနှင်သူ ယာဉ်မောင်းအား မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူသွားမယ်လို့လဲ ရဲတပ်ဖွဲ့မှ သိရပါတယ်။

No comments:

Post a Comment