Wednesday, December 20, 2017

ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုးရွိ “199 Call Center” သုိ႔
မမွန္သတင္းေပးသူအား ေဖာ္ထုတ္အေရးယူ

ရန္ကုန္၊ဒီဇင္ဘာ ၂၀

ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုးတြင္ ဖြင့္လွစ္ထားေသာ “199 Call
Center” သုိ႔အုပ္စုဖြဲ႕ရုိက္နွက္ ေနေၾကာင္း မမွန္သတင္းေပးတုိင္ၾကားသူ
အား ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီး အေရးယူ
ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၂၀ ရက္ေန႔ နံနက္ ၂ နာရီအခ်ိန္ခန္႔တြင္ ရန္ကုန္
တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုးရွိ “199 Call Center”သုိ႔ သတင္းေပးသူ
တစ္ဦးက ေရႊျပည္သာၿမိဳ႕နယ္၊ ကြန္ပ်ဴတာ တကၠသုိလ္ေရွ႕တြင္ အုပ္စုဖြဲ႕
ရုိက္နွက္ ေနေၾကာင္း သတင္းေပးပုိ႔သျဖင့္ 199 Call Center မွ တစ္ဆင့္
ေလွာ္ကားနယ္ေျမရဲစခန္းသုိ႔ သတင္း အတည္ ျပဳရန္ အေၾကာင္းၾကားခဲ့ပါ
သည္။

အေၾကာင္းၾကားခ်က္အရ ေလွာ္ကားနယ္ေျမရဲစခန္းမွ ရဲစခန္းမွဴး ဦးစီး
တပ္ဖြဲ႕၀င္မ်ားက သတင္းေပး တုိင္တန္းသည့္ ေနရာသုိ႔ သြားေရာက္
အတည္ျပဳစံုစမ္းခဲ့ရာ ခုိက္ရန္ျဖစ္ပြားေနသည္ကုိ မေတြ႕ရေၾကာင္း
199 Call Center သုိ႔ အေၾကာင္း ျပန္ၾကားခဲ့ပါသည္၊ ခဏအၾကာတြင္
အဆုိပါသတင္းေပးမွ ခုိက္ရန္ျဖစ္ပြား သည့္ေနရာသုိ႔ ရဲတပ္ဖြဲ႕၀င္မ်ား
ေရာက္ရွိလာျခင္းမရွိေၾကာင္း 199 Call Center သုိ႔ ထပ္မံသတင္းပုိ႔ခဲ့
သျဖင့္ သတင္းေပး၏ ဖုန္းနံပါတ္ကုိ ေတာင္းယူခဲ့ရာ  ဖုန္းနံပါတ္မွာ
09-401855115 ျဖစ္ေၾကာင္း သိရွိရပါသည္။

ေလွာ္ကားနယ္ေျမရဲစခန္းသုိ႔ 199 Call Center မွ ထပ္မံအတည္ျပဳ
စံုစမ္းေပးရန္ အေၾကာင္းၾကားလာသျဖင့္ ရဲစခန္းမွဴးက သတင္းေပး
တုိင္တန္းသူ၏ ဖုန္းနံပါတ္ 09-401855115 သုိ႔ ဆက္သြယ္၍
ခုိက္ရန္ျဖစ္ပြားသည့္ ေနရာသုိ႔ ေမးျမန္းခဲ့ရာ အခင္းျဖစ္သည့္ေနရာကုိ
အမ်ဳိးမ်ဳိးေျပာင္းလဲသတင္းေပးေနသျဖင့္ လုိက္လံစံုစမ္းရွာေဖြ ေသာ္လည္း
ထူးျခားမႈ မေတြ႕ရွိရျခင္းေၾကာင့္ ရဲစခန္းမွဴးႏွင့္အဖြဲ႕မွ အဖြဲ႕(၂)ဖြဲ႕ခြဲၿပီး
သတင္းေပးသူကုိ ေထာက္လွမ္းခဲ့ရာ သတင္းေပးသူမွာ ေရႊျပည္သာ
ၿမိဳ႕နယ္၊ ေက်ာင္းကုန္းရပ္ကြက္၊ ေပါင္ခ်ိန္စက္ရံုအနီး အုတ္စက္
၀င္းေဟာင္း အုတ္နံရံၾကားတြင္ ဇင္ေဇာ္မင္း ၃၈ ႏွစ္ ကသတင္းေပးသည့္
ေနရာကုိ လုိက္လံရွာ ေဖြေနေသာ ရဲတပ္ဖြဲ႕၀င္မ်ားကုိ ေလွာင္ေျပာင္ရယ္
ေမာကာ ဖုန္းဆက္ေနေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။

ဇင္ေဇာ္မင္း ဆက္သြယ္အသံုးျပဳေနသည့္ လက္ကုိင္ဖုန္းအမွတ္
09-401855115 အား စစ္ေဆးၾကည့္ရာ 199 Call Center သုိ႔
လည္းေကာင္း၊ ရဲစခန္းမွဴးႏွင့္ဆက္သြယ္သည့္ ဖုန္းမ်ားသုိ႔လည္းေကာင္း
ေခၚဆုိထားသည့္ Callist မ်ားေတြ႕ရွိရၿပီး ရဲတပ္ဖြဲ႕၀င္မ်ားအား မမွန္မကန္
သတင္းေပးတုိင္ၾကားခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရသျဖင့္ ဇင္ေဇာ္မင္းအား
ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၈၂ အရ အေရးယူထားေၾကာင္း သိရွိရပါသည္။

ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕အေနျဖင့္ အမ်ားျပည္သူအက်ဳိးငွာ
သတင္းေပးတုိင္တန္းလုိေသာ ကိစၥရပ္မ်ား၊ အကူအညီေတာင္းခံလုိေသာ
ကိစၥရပ္မ်ားကုိ အခ်ိန္နွင့္တစ္ေျပးညီ ကူညီေဆာင္ရြက္ေပးရန္ ရန္ကုန္
တိုင္းေဒသ ႀကီးရဲတပ္ဖြဲ႕မွဴးရံုးတြင္ 199 Call Center ဖြင့္လွစ္၍
ရဲတပ္ဖြဲ႕၀င္မ်ားက ေန႔/ည မျပတ္ေဆာင္ ရြက္ေပးလ်က္ရွိပါသည္။ ထုိသုိ႔
ေဆာင္ရြက္ေနျခင္းအေပၚ ယခုကဲ့သုိ႔ မမွန္မကန္ သတင္းေပးတုိင္တန္းျခင္း
မ်ား ေၾကာင့္ ကူညီေဆာင္ရြက္ေပးရေသာ ရဲတပ္ဖြဲ႕၀င္မ်ားအေနျဖင့္
မလုိလားအပ္ဘဲ အခ်ိန္ကုန္ျခင္း၊ အမွန္တကယ္ ကူညီေဆာင္ရြက္ေပးရမည့္
သတင္းမ်ားကုိ ေနွာင့္ေႏွးၾကန္႔ၾကာမႈမ်ား ျဖစ္ေပၚေစခဲ့ပါသည္။ သုိ႔ျဖစ္ပါ၍
ယခုကဲ့သုိ႔ မမွန္မကန္တုိင္တန္းျခင္းမ်ား မျပဳလုပ္ၾကပါရန္ ရန္ကုန္တုိင္း
ေဒသႀကီးရဲတပ္ဖြဲ႕က အသိေပးေဖာ္ျပအပ္ပါသည္။

(Unicode)

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ “199 Call Center” သို့
မမှန်သတင်းပေးသူအား ဖော်ထုတ်အရေးယူ

ရန်ကုန်၊ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားသော “199 Call
Center” သို့အုပ်စုဖွဲ့ရိုက်နှက် နေကြောင်း မမှန်သတင်းပေးတိုင်ကြားသူ
အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး အရေးယူ
ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ရန်ကုန်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ “199 Call Center”သို့ သတင်းပေးသူ
တစ်ဦးက ရွှေပြည်သာမြို့နယ်၊ ကွန်ပျူတာ တက္ကသိုလ်ရှေ့တွင် အုပ်စုဖွဲ့
ရိုက်နှက် နေကြောင်း သတင်းပေးပို့သဖြင့် 199 Call Center မှ တစ်ဆင့်
လှော်ကားနယ်မြေရဲစခန်းသို့ သတင်း အတည် ပြုရန် အကြောင်းကြားခဲ့ပါ
သည်။

အကြောင်းကြားချက်အရ လှော်ကားနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ဦးစီး
တပ်ဖွဲ့ဝင်များက သတင်းပေး တိုင်တန်းသည့် နေရာသို့ သွားရောက်
အတည်ပြုစုံစမ်းခဲ့ရာ ခိုက်ရန်ဖြစ်ပွားနေသည်ကို မတွေ့ရကြောင်း
199 Call Center သို့ အကြောင်း ပြန်ကြားခဲ့ပါသည်၊ ခဏအကြာတွင်
အဆိုပါသတင်းပေးမှ ခိုက်ရန်ဖြစ်ပွား သည့်နေရာသို့ ရဲတပ်ဖွဲ့ဝင်များ
ရောက်ရှိလာခြင်းမရှိကြောင်း 199 Call Center သို့ ထပ်မံသတင်းပို့ခဲ့
သဖြင့် သတင်းပေး၏ ဖုန်းနံပါတ်ကို တောင်းယူခဲ့ရာ  ဖုန်းနံပါတ်မှာ
09-401855115 ဖြစ်ကြောင်း သိရှိရပါသည်။

လှော်ကားနယ်မြေရဲစခန်းသို့ 199 Call Center မှ ထပ်မံအတည်ပြု
စုံစမ်းပေးရန် အကြောင်းကြားလာသဖြင့် ရဲစခန်းမှူးက သတင်းပေး
တိုင်တန်းသူ၏ ဖုန်းနံပါတ် 09-401855115 သို့ ဆက်သွယ်၍
ခိုက်ရန်ဖြစ်ပွားသည့် နေရာသို့ မေးမြန်းခဲ့ရာ အခင်းဖြစ်သည့်နေရာကို
အမျိုးမျိုးပြောင်းလဲသတင်းပေးနေသဖြင့် လိုက်လံစုံစမ်းရှာဖွေ သော်လည်း
ထူးခြားမှု မတွေ့ရှိရခြင်းကြောင့် ရဲစခန်းမှူးနှင့်အဖွဲ့မှ အဖွဲ့(၂)ဖွဲ့ခွဲပြီး
သတင်းပေးသူကို ထောက်လှမ်းခဲ့ရာ သတင်းပေးသူမှာ ရွှေပြည်သာ
မြို့နယ်၊ ကျောင်းကုန်းရပ်ကွက်၊ ပေါင်ချိန်စက်ရုံအနီး အုတ်စက်
ဝင်းဟောင်း အုတ်နံရံကြားတွင် ဇင်ဇော်မင်း ၃၈ နှစ် ကသတင်းပေးသည့်
နေရာကို လိုက်လံရှာ ဖွေနေသော ရဲတပ်ဖွဲ့ဝင်များကို လှောင်ပြောင်ရယ်
မောကာ ဖုန်းဆက်နေကြောင်း တွေ့ရှိခဲ့ရပါသည်။

ဇင်ဇော်မင်း ဆက်သွယ်အသုံးပြုနေသည့် လက်ကိုင်ဖုန်းအမှတ်
09-401855115 အား စစ်ဆေးကြည့်ရာ 199 Call Center သို့
လည်းကောင်း၊ ရဲစခန်းမှူးနှင့်ဆက်သွယ်သည့် ဖုန်းများသို့လည်းကောင်း
ခေါ်ဆိုထားသည့် Callist များတွေ့ရှိရပြီး ရဲတပ်ဖွဲ့ဝင်များအား မမှန်မကန်
သတင်းပေးတိုင်ကြားခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇင်ဇော်မင်းအား
ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၂ အရ အရေးယူထားကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူအကျိုးငှာ
သတင်းပေးတိုင်တန်းလိုသော ကိစ္စရပ်များ၊ အကူအညီတောင်းခံလိုသော
ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးရန် ရန်ကုန်
တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးတွင် 199 Call Center ဖွင့်လှစ်၍
ရဲတပ်ဖွဲ့ဝင်များက နေ့/ည မပြတ်ဆောင် ရွက်ပေးလျက်ရှိပါသည်။ ထိုသို့
ဆောင်ရွက်နေခြင်းအပေါ် ယခုကဲ့သို့ မမှန်မကန် သတင်းပေးတိုင်တန်းခြင်း
များ ကြောင့် ကူညီဆောင်ရွက်ပေးရသော ရဲတပ်ဖွဲ့ဝင်များအနေဖြင့်
မလိုလားအပ်ဘဲ အချိန်ကုန်ခြင်း၊ အမှန်တကယ် ကူညီဆောင်ရွက်ပေးရမည့်
သတင်းများကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ သို့ဖြစ်ပါ၍
ယခုကဲ့သို့ မမှန်မကန်တိုင်တန်းခြင်းများ မပြုလုပ်ကြပါရန် ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့က အသိပေးဖော်ပြအပ်ပါသည်။
ygn police

No comments:

Post a Comment